Blog
[ February 24, 2023 by VarCamp 0 Comments ]

နည်းပညာသမားတွေပဲ VarCamp ပွဲ တက်လို့ ရတာလား?

VarCamp ကို စိတ်ဝင်စားပေမယ့် ပွဲမတက်ဖူးသူတွေ မေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုက အပေါ်ကအတိုင်း ဖြစ်ပါတယ်။

မြေပြင်မှာဆို BarCamp အွန်လိုင်းမှာဆို VarCamp အမည်နဲ့ လုပ်တဲ့ ပွဲတွေဟာ ကနဦးအစ နှစ်တွေမှာ မြစ်ဖျားခံရာ အနောက်နိုင်ငံတွေအတိုင်း နည်းပညာပိုင်းဆိုင်ရာကို အဓိကထား ဆွေးနွေးလေ့ ရှိတဲ့ပွဲတွေအဖြစ် ကျင်းပခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ပွဲစီစဉ်သူတွေဟာ သမရိုးကျ ဟောပြောပွဲတွေက ခွဲထွက်ပြီး တက်ရောက်လာသူ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ဝင်ရောက် ဆွေးနွေးပြောဆိုလို့ ရတယ်ဆိုတဲ့ BarCamp ရဲ့ အနှစ်သာရကိုသာ ယူပြီး နယ်ပယ်ပေါင်းစုံနဲ့ လိုက်လျောညီထွေဖြစ်အောင် စီစဉ်ပြုလုပ်ခဲ့ကြပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံမှာလုပ်တဲ့ BarCamp သို့မဟုတ် VarCamp ပွဲတွေဟာ နည်းပညာအသိုင်းအဝိုင်းကနေ စီစဉ်ကျင်းပကြတယ် ဆိုသော်ငြား နယ်ပယ်ပေါင်းစုံနဲ့ အကျုံးဝင်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာစုံ၊ ကဏ္ဍစုံပါဝင်တဲ့ ဟောပြောဆွေးနွေးပွဲ တစ်မျိုးဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို လွတ်လွတ်လပ်လပ် တက်ရောက် ဆွေးနွေးနိုင်ကြပါတယ်။

VarCamp ဆိုတာ ဘာလဲ

VarCamp ကို ဘယ်သူတွေစီစဉ်တာလဲ

P.S. ၂၀၂၃ ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် VarCamp ကို လာမယ့် မတ်လ ၁၉ ရက် (တနင်္ဂနွေနေ့) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Register Here: https://var.camp/attendee-registration/

#VarCamp#BarCamp#Mar19#RegisterNow

Leave a Reply

AI Chatbot Avatar