Blog
[ February 23, 2023 by VarCamp 0 Comments ]

Who organizes VarCamp?

BarCamp သို့မဟုတ် VarCamp ပွဲတစ်ပွဲ ပြုလုပ်နိုင်ဖို့ အဖွဲ့အစည်းရယ် ဖြစ်နေမှ၊ ငွေကြေးအင်အား တောင့်တင်းနေမှ မဟုတ်ပါဘူး။ စိတ်တူကိုယ်တူ ဝါသနာတူ အပေါင်းအသင်း တစ်စုနဲ့တင် သင့်တင့်လျောက်ပတ်အောင် ပြုလုပ်နိုင်ပါတယ်။

မိမိတို့ စိတ်ဝင်စား ကျင်လည်ရာ အသိုင်းအဝိုင်းအလိုက် လူသစ်တန်းတွေ၊ ဝါရင့်သမ္ဘာရင့်တွေ တစ်စုတစ်စည်းတည်း စုဝေးပြီး ကောင်းနိုးရာရာ အသိအမြင် ဗဟုသုတတွေ လွတ်လပ်စွာ ဆွေးနွေးဝေမျှကြတာကပဲ ဘားကမ့်ပွဲတစ်ခုရဲ့ အနှစ်သာရလို့ ဆိုနိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ဘားကမ့်ရန်ကုန် (BarCamp Yangon 2010) ကို ၂၀၁၀ ခုနှစ်မှာ နည်းပညာ အသိုင်းအဝိုင်းက လူငယ်တွေ ဦးဆောင် ကမကထ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ နိုင်ငံအနှံ့ အခြားမြို့ကြီးတွေက ဘားကမ့်ကျင်းပဖို့ စိတ်ဝင်စားကြတဲ့ လူကြီး လူငယ်တွေ ပေါင်းစုပြီး မြို့အလိုက် ဘားကမ့်ပွဲတွေ နှစ်စဉ်ဆိုသလို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လာခဲ့ကြပါတယ်။

ဒါ့အပြင် တက္ကသိုလ် ကျောင်းသူကျောင်းသားတွေရဲ့ IT-Camp, ဓာတ်ပုံပညာရှင်တွေရဲ့ PhotoCamp, နည်းပညာ အသိုင်းအဝိုင်းရဲ့ UbuntuCamp, Arduino Camp စတဲ့ သက်ဆိုင်ရာ နယ်ပယ်တွေအလိုက် ဘားကမ့်ပွဲတွေလည်း ပြုလုပ်နိုင်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ အခြေအနေအရ မြေပြင်ပွဲတွေ မကျင်းပနိုင်သေးတဲ့ အချိန်အခါမို့ အွန်လိုင်းကနေ VarCamp (Virtual Camp) ဆိုတဲ့ပွဲကို ဘားကမ့်ပါ လက်ဟောင်းလက်သစ်တွေ ပူးပေါင်းအားထုတ်ပြီး ကျင်းပလာခဲ့တာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ် နှစ်ကြိမ်တိုင် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

P.S. ၂၀၂၃ ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် VarCamp ကို လာမယ့် မတ်လ ၁၉ ရက် (တနင်္ဂနွေနေ့) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

#VarCamp #Mar19 #BarCamp #ITCamp #PhotoCamp #UbuntuCamp #ArduinoCamp

Leave a Reply