Blog
[ February 23, 2023 by VarCamp 0 Comments ]

VarCamp ဆိုတာ ဘာလဲ?

ပုံမှန် ဟောပြောဆွေးနွေးပွဲတွေလို တစ်ချိန်တည်း အကြာကြီး ထိုင်နားထောင်နေရတာ မဟုတ်ဘူး။ တစ်ယောက်တည်းက ပြောတာကို နားထောင်နေဖို့လည်း မဟုတ်ဘူး။ ခေါင်းစဉ်တစ်ခုအောက်မှာပဲ လူအလဲအထပ်နဲ့ တစ်ယောက်ပြီး တစ်ယောက် ပြောသွားကြတာလည်း မဟုတ်ဘူး။ စိတ်ပါရင် ဝင်တောင်ပြောလို့ ရသေးတယ် 😅

မသိသေးတဲ့သူတွေအတွက် VarCamp ဆိုတာ သမရိုးကျ မဆန်တဲ့ ဆွေးနွေးဟောပြောပွဲတွေလို့ မိတ်ဆက်ပေးချင်ပါတယ်။ သာမန်ထက် လွတ်လပ်ပေါ့ပါးပြီး နှစ်လိုဖွယ်ကောင်းတဲ့ ရပ်ဝန်းတစ်ခုမှာ မိမိတို့ စိတ်ဝင်စားရာ အကြောင်းအရာတွေ၊ နည်းပညာ အသစ်အသစ်တွေ၊ ရင်ဘတ်ချင်း တူတဲ့သူတွေနဲ့ ထိတွေ့ရင်းနှီးခွင့်ရဖို့ အကောင်းဆုံး ပွဲတစ်ခုပါပဲ။

VarCamp ဟာ အနှစ်သာရအားဖြင့် အပြင်မှာကျင်းပတဲ့ BarCamp ပွဲတွေအတိုင်း ဖြစ်ပြီးတော့ အခုလို အင်တာနက်တဆင့် Virtual Camp အနေနဲ့ ကျင်းပလာတဲ့အခါမှာ အင်တာနက်ရှိတဲ့ ကမ္ဘာ့ဘယ်နေရာကမဆို ထိုင်ရာမထ ပါဝင်ဆင်နွှဲနိုင်ပါတယ်။ (VPN တော့ လိုရင်သုံးပေါ့လေ 😁)

မိတ်ဆွေတို့ရော VarCamp ပွဲကို လာတက်ပြီး ဘယ်လိုမျိုး အတွေ့အကြုံတွေ ရရှိဖို့ မျှော်လင့်ထားပါသလဲ။ လွတ်လပ်စွာ ဝေဖန်မှတ်ချက်ပြုနိုင်ကြပါတယ်။

#VarCamp #BarCamp #Mar19 #WhatIsVarCamp

Leave a Reply