Blog
[ December 27, 2022 by VarCamp 0 Comments ]

VARCAMP DAY ကျရင် ဘယ်လို ပါဝင်ရမလဲ?

ပွဲနေ့ကျရင် နည်းလမ်း၂မျိုးနဲ့ တက်‌လို့ရပါမယ်

ပထမနည်းလမ်း

play.var.camp လင့်ကနေ join လို့ရပါမယ်။ သူက ကိုယ့် Character လေးနဲ့ Map ထဲမှာ သွားပြီး မိမိ နားထောင်ချင်တဲ့ Topic အခန်းတွေ၊ Community Space တွေ၊ ပန်းခြံလေးထဲမှာ မိမိနဲ့ဝါသနာတူ မိတ်ဆွေတွေ စုပြီး ဆွေးနွေးမလား စသဖြင့် ဂိမ်းထဲကလို လှုပ်ရှားသွားလာလို့ရပါတယ်။ အသေးစိတ်ကတော့ အောက်က ပုံလေးတွေမှာ ဆက်ဖတ်ကြည့်ပြီး လေ့လာလို့ရပါတယ်။ ​(Jan 29 မှာတော့ Pre-VarCamp အနေနဲ့ ဝင်စမ်းလို့ရမှာပါ)

ဒုတိယနည်းလမ်း

အပေါ်က နည်းလမ်းနဲ့ အဆင်မပြေဘူး ပုံမှန် zoom တို့ google meet တို့လိုပဲ join ချင်တဲ့သူအတွက်ပါ။ ဒီ VarCamp မှာတော့ zoom တို့ Google Meet တို့လို application တစ်ခုဖြစ်တဲ့ Jitsi ဆိုတဲ့ Software ကို သုံးသွားမှာပါ။ အဲဒီ Jitsi Meet app invite လင့်ကနေ တိုက်ရိုက် join လို့ရပါမယ်။ mobile ဖုန်းနဲ့ ဆို‌ရင်တော့ app down ထားဖို့ပါမယ်။ ( Jitsi Meet က end to end encryption အသုံးပြုထားတဲ့ Video Conferencing Platform တစ်ခုပါ)အဲတော့ ကြိုတင်ပြီး Jitsi App ကို ဒေါင်းထားတာမျိုးဖြစ်ဖြစ် စမ်းထားတာမျိုးဖြစ်ဖြစ် လုပ်ထားဖို့ အကြံပြုပါရစေ။ Jan 29 Pre-VarCamp ကိုလဲ လာစမ်းအုံးနော် !

JITSI DOWNLOAD LINKS

Leave a Reply