Knowledge Base
[ February 28, 2023 by VarCamp 0 Comments ]

VarCamp ဦးဆောင်ဆွေးနွေးသူများ သိရှိစေရန်

၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက် (တနင်္ဂနွေ) နေ့တွင် ကျင်းပမည့် VarCamp ပွဲ၌ ဦးဆောင် ဆွေးနွေးမည့်သူ (Speaker) များသည် အောက်ဖော်ပြပါ အချက်များကို နားလည်သဘောပေါက် လက်ခံပြီးဖြစ်ကြောင်း ပွဲစီစဉ်သူ (Organizer) များက မှတ်ယူထားပါသည်။

VarCamp တွင် ဦးဆောင်ဆွေးနွေးသူများလိုက်နာရန်

  1. ဦးဆောင်ဆွေးနွေးသူ (Speaker) အဖြစ် စာရင်းသွင်း (Register) ရာတွင် မိမိတို့ ဆွေးနွေးရန် အဆင်ပြေမည့် နှစ်သက်ရာ အချိန်အပိုင်းအခြား တစ်ခုကို “သေချာစွာ” ကြိုတင် ရွေးချယ်နိုင်ပါသည်။ ပွဲစီစဉ်သူများက အဆိုပါ အချိန်ရွေးချယ်မှုနှင့် လိုက်လျောညီထွေ ဖြစ်စေရန် တတ်စွမ်းသမျှ ကြိုးပမ်း၍ ပွဲချိန်ဇယားကို စီစဉ်ပြုပြင်သွားမည် ဖြစ်ပါသည်။ (အချိန်၊ အခန်း စီစဉ်ထားရှိမှုများကို VarCamp ပွဲမတိုင်မီ တစ်ပတ်အလိုမှစ၍ နေ့စဉ် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။)
    – မနက်ပိုင်း (၁၀ နာရီ – ၁၁ နာရီ အချိန်)
    – နေ့လည်ပိုင်း (၁၁ နာရီ – ၁၂ နာရီ၊ ၁ နာရီ – ၂ နာရီ အချိန်များ)
    – ညနေပိုင်း (၂ နာရီ – ၃ နာရီ၊ ၃ နာရီ – ၄ နာရီ အချိန်များ)
    – (ဖွင့်ပွဲ – ၉ နာရီခွဲ၊ ထမင်းစားနားချိန် – နေ့လည် ၁၂ နာရီ၊ ပိတ်ပွဲ – ၄ နာရီ )
  2. ဦးဆောင်ဆွေးနွေးသူ (Speaker) တစ်ဦးလျှင် ဆွေးနွေးချိန် “တစ်ချိန်” သာ ခွင့်ပြုရန် ပဏာမအားဖြင့် သတ်မှတ်ထားပါသည်။ (ပွဲချိန်ဇယား စီမံခန့်ခွဲမှုအရ အပြောင်းအလဲ ရှိနိုင်ပါသည်။)

  3. စာရင်းသွင်းပြီးနောက်ပိုင်း အချိန် ရွှေ့ပြောင်းခြင်း၊ ပယ်ဖျက်ခြင်း ကိစ္စများအတွက် ပွဲစီစဉ်သူ (Organizer) များထံ VarCamp ပွဲရက်မတိုင်မီ တစ်ရက် ကြိုတင်၍ အကြောင်းကြားနိုင်ပါသည်။

  4. ဦးဆောင်ဆွေးနွေးသူ (Speaker) များသည် VarCamp ပွဲရက်တွင် သက်ဆိုင်ရာအခန်းသို့ မိမိတို့ အလှည့်ကျအချိန် မတိုင်မီ (၁၅) မိနစ် ကြိုတင်၍ ရောက်ရှိနေသင့်ပါသည်။ Speaker တစ်ဦးလျှင် ဆွေးနွေးချိန် (၄၅) မိနစ် ရရှိမည် ဖြစ်ပြီး သတ်မှတ်ချိန်ပြည့်ပါက VarCamp ပွဲချိန်ဇယားအရ အလှည့်ကျ အခြား Speaker တစ်ဦးက ဝင်ရောက် ဆွေးနွေးသွားမည် ဖြစ်ပါသည်။

  5. ဟောပြောဆွေးနွေးရာတွင် မိမိတို့၏ စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်ပစ္စည်းများ၊ သင်တန်းများအကြောင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကြော်ငြာခွင့် မပြုပါ။

  6. VarCamp ပွဲအတွင်း Speaker များ၏ ဟောပြောဆွေးနွေးနေမှုကို အခါအားလျော်စွာ ပုံရိပ်ဖမ်းယူ (Screenshot) မှတ်တမ်းတင်မည် ဖြစ်ပါသည်။ ထို့အတူ သက်ဆိုင်ရာ Speaker ၏ ခွင့်ပြုချက်အလိုက် ဟောပြောဆွေးနွေးမှု အလုံးစုံကို ရုပ်သံဖမ်းယူ (Video Record) ထားမည် ဖြစ်ပါသည်။

  7. Speaker များအနေဖြင့် ဟောပြောဆွေးနွေးနေချိန်အတွင်း အခန်းတွင်း၊ ပြင်ပ အခက်အခဲများ ပေါက်ပေါက်လာပါက သက်ဆိုင်ရာ အခန်းရှိ ပါဝင်ကူညီသူ (Volunteer) များကတဆင့် ဖြစ်စေ၊ Speaker Help Desk (Telegram Group) မှဖြစ်စေ ပွဲစီစဉ်သူ (Organizer) များထံ ဆက်သွယ် ဖြေရှင်းနိုင်ပါသည်။

  8. VarCamp တွင် ဦးဆောင်ဆွေးနွေးရာ၌ အဆင်ပြေချောမွေ့စေရန် Pre-VarCamp ပွဲကို တက်ရောက်ခြင်းဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိင်ပါသည်။ (Pre-VarCamp ကို မတ်လ ၁၈ ရက် (စနေ) နေ့ ညနေ ၆ နာရီ – ၈ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။)

လေးစားစွာဖြင့်

VarCamp Organizer Team

Website: https://var.camp

Speaker Help Desk : https://t.me/+pQGlKN8EkW5hZTll

 

Leave a Reply