Knowledge Base
[ February 28, 2023 by VarCamp 1 Comment ]

VarCamper Guidelines

မင်္ဂလာပါ။ Varcamp ကို တက်ရောက်လာကြတဲ့ ဘားကမ့်ပါများကို ကြိုဆိုပါတယ်။

VarCamp ပွဲဟာ အင်တာနက်ကတဆင့် ကျင်းပတဲ့ ပွဲတစ်ပွဲ ဖြစ်တာနဲ့အညီ :

ကြိုတင်ပြင်ဆင်မှု

  • VarCamp ပွဲတက်ရောက်ဖို့ အသုံးပြုမယ့် ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာ စတာတွေကို ကြိုတင် အားအပြည့် သွင်းထားပါ။ လျှပ်စီးမီး ရရှိမှု အခြေအနေအရ ပါဝါဘဏ် ဆောင်ထားနိုင်ပါတယ်။
  • အင်တာနက် ကောင်းကောင်း ရနေဖို့ လိုအပ်တာမို့ ဖုန်းနဲ့ သုံးမယ်ဆို ဘေလ် ကြိုဖြည့်၊ ပက်ကေ့ချ် ကြိုဝယ် သို့မဟုတ် ဝိုင်ဖိုင်ကတ် ကြိုဝယ်ထားနိုင်ပါတယ်။ ပင်မအင်တာနက် အပြင် အရေးပေါ် အစားထိုးစရာ ပြင်ထားနိုင်ပါတယ်။

ပွဲတက်ရောက်ခြင်း

  • VarCamp ပွဲတက်ဖို့ Browser တစ်ခု ရှိရုံနဲ့တင် လုံလောက်ပါတယ်။ Google Chrome သို့မဟုတ် Brave Browser ကို ညွှန်းပါတယ်။ တစ်ချို့ အခြေအနေတွေမှာ Opera လို လုပ်ဆောင်ချက် စုံလင်တဲ့ Browser မျိုးကိုလည်း သုံးနိုင်ပါတယ်။
  • အခန်းတွင်း ဆွေးနွေးမှုတွေမှာ ပိုမို အဆင်ပြေပြေ ပါဝင်နိုင်ဖို့ Jitsi Meet Application ကို ဖုန်းမှာ ကြိုတင် ထည့်သွင်းထားနိုင်ပါတယ်။  ကွန်ပျူတာနဲ့ သုံးမယ့်သူတွေအတွက် Jitsi Desktop software နဲ့ Jitsi Meetings ဆိုတဲ့ Chrome Extension ရှိပါတယ်။

ကြိုတင်သိမှတ်ဖွယ်ရာများ

  1. အခြေအနေအရ VarCamp ပွဲကို နာမည်ရင်းနဲ့ တက်ရောက်ဖို့ အဆင်မပြေသူများ နာမည်အတိုကောက်၊ အိမ်နာမည်၊ နာမည်ပြောင်၊ ကလောင်အမည်၊ ဘလော့ဂ်ဂါ အမည် စတဲ့ အများအမြင် သင့်တော်မယ့် နာမည် တစ်ခုခုနဲ့ ပါဝင် တက်ရောက်နိုင်ပါတယ်။
  2. VarCamp ပွဲခင်းအတွင်းမှာ မိမိတို့ အသုံးပြုတဲ့ စက်ပစ္စည်းကိရိယာရဲ့ မိုက်ကရိုဖုန်းနဲ့ ကင်မရာ အဖွင့်အပိတ်ကို အထူး ဂရုပြုစေချင်ပါတယ်။ အသုံးမပြုချိန်မှာ ပိတ်ထားတာဟာ အကောင်းဆုံးပါပဲ။
  3. VarCamp ပွဲချိန်အတွင်း ပြောဆို ဆွေးနွေးမှုတွေဟာ အင်တာနက်ကနေ တိုက်ရိုက် တင်ဆက်နေတာမျိုး ဖြစ်တဲ့အတွက် တစ်ချို့ကိစ္စလေးတွေမှာ စိတ်ရှည်သည်းခံနိုင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် အခက်အခဲ တစ်စုံတစ်ရာ ရှိလာခဲ့ရင် ကူညီပေးနိုင်မယ့် Volunteer တွေနဲ့ အခြား ဘားကမ့်ပါတွေ ပွဲခင်းထဲမှာ ရှိနေပါတယ်။
  4. VarCamp ပွဲမစမီ VarCamp ရဲ့ တရားဝင် Facebook Page နဲ့ အခြား Channel တွေကို Like, Follow and Subscribe လုပ်ထားပြီး ပွဲကြို သတင်းအချက်အလက်များ၊ ဦးဆောင်ဆွေးနွေးမယ့်သူများ အကြောင်း ဖတ်ရှုနိုင်ကြသလို ပွဲကျင်းပချိန်မှာလည်း ပွဲအခြေအနေများကို အချိန်နဲ့တစ်ပြေးညီ ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
  5. နောက်ဆုံးအနေနဲ့ VarCamp ပွဲခင်းထဲက ဘားကမ့်ပါများရဲ့ ပြုမူလှုပ်ရှား ဆောင်ရွက်မှုတွေဟာ သက်ဆိုင်ရာ ဘားကမ့်ပါတွေရဲ့ ကိုယ်ပိုင် တာဝန်ယူမှု၊ တာဝန်ခံမှုအလျောက်ပဲ ဖြစ်တယ်လို့ ပွဲစီစဉ်သူများ အနေနဲ့ ခံယူထားပါကြောင်း အသိပေးပါရစေ။

ကျေးဇူးတင်ပါတယ်။

VarCamp Organizer Team

VarCamp ရဲ့ အစီအစဉ်သစ်တွေ၊ လှုပ်ရှားမှုသတင်းတွေ ဦးဦးဖျားဖျား သိရှိနိုင်ဖို့၊ VarCamp ပွဲ အကြောင်း ကိုယ့်မိတ်ဆွေ အသိုင်းအဝိုင်းနဲ့ သူငယ်ချင်းတွေကို မိတ်ဆက်ဝေမျှနိုင်စေဖို့ VarCamp ရဲ့ Official Facebook Page ကို Like & Share ပြုလုပ်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

VarCamp is Back!

19.3.2023! Save The Date နော် #VarCamp #Mar19

Comment [01]

  1. Shine Wan Na
    March 17, 2023

    live link ဘယ်ကယူရမလဲ

Leave a Reply