ငယ်ငယ်တုန်းက လူကြီးမိဘတွေက "ကျောင်းမှန်မှန်တက်စာမခက်"၊ "နေ့တိုင်းစာကျက်ရင် စာမွေးပွဲ အောင်မှာပေါ့"၊ "စာမှန်မှန်လုပ်နော်"၊ "စာကြိုးစား" လို့ ပြောပေမယ့်ဘာကြောင့် ကျောင်းမှန်မှန်တက်ရင် စာမခက်တာလဲ၊ တကယ်ရော လိုလို့လား၊ နေ့တိုင်းစာကျက်ရင် တကယ် စာမေးပွဲအောင်မှာဟုတ်လို့လား၊ဘာကြောင့်လဲ၊စာကြိုးစားလို့တော့ ပြောပြောပြီး ဘယ်လို ကြိုးစားရမလဲကိုတော့ သူတို့ကိုယ်တိုင်ပြောပြဖူးသလား။ ကိုယ်တိုင်ရော သူများကို ဂဃနဏ ရှင်းပြရမယ်ဆိုရင်၊ ရှင်းပြရရင်၊ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပလန် ကိုကိုယ် စိတ်တိုင်းကျရဲ့လား။အင်တာနက်၊ နည်းပညာ ခေတ်သစ်ကြီးထဲမှာ ဘဝအတွက်၊ အသက်မွေးမှုအတွက်၊ လေ့လာဖတ်ရှုစရာ၊ လေ့ကျင့်သင်ယူစရာ၊ မှတ်သားထားစရာတွေ တောင်ပုံယာပုံရှိနေတဲ့အထဲမှာ၊ "စာကြိုးစား"ပါ လို့သိထားရုံနဲ့ ဆယ်တန်းအောင်ဖို့ စာကျက်ခဲ့တဲ့ နည်းတွေက လုံလောက်သလား။လုပ်ငန်းခွင်နဲ့ လူမှုဘဝတစ်လျှောက် လုံး သိစရာ၊ မှတ်စရာ၊ အကြောင်းအရာ အသစ်သစ်တွေကို လိုက်မီဖို့ ရုန်းကန် လှုပ်ရှားရတဲ့ ကိုယ်သုံးနေတဲ့ နည်းတွေက လုံလောက်သလား၊ ဘယ်လို နည်းတွေ ရှိသေးသလဲ။ဒါတွေကို စိတ်ဝင်စားတယ် သိချင်တယ်ဆိုရင်တော့ ဥဏှောက်သိပ္ပံ၊ အာရုံကြောသိပ္ပံ၊ အလေ့အကျင့်၊ မှတ်ဉာဏ်နည်းလမ်း၊ ဘဝ တစ်လျှောက်လုံး လေ့လာသင်ဖို့ရှိရမယ့် စိတ်ထား တွေ အကြောင်း ဆွေးနွေးဖို့ လာခဲ့ကြပါ။