General FAQ's

Foo Camp ဆိုတာကို Tim O’Reilly ကနေ စီစဥ်တယ်။ တကယ် ဆရာကြီးတွေကြီးပဲ ဖိတ်ပြီး စကားပြောကြ ဆွေးနွေးကြတာပေါ့။  “the wiki of conferences” လို့ခေါ်တယ်။ လာတဲ့သူတွေက Whiteboard ပေါ်မှာ အစီအစဉ်တွေ အကြောင်းအရာတွေကို လိုအပ်သလို ပြန်ပြီး စီစဥ်ကြတဲ့ပွဲပါ။ ကွန်ပျူတာသမားတွေ ရဲ့ ဗန်းစကား အသုံးအနှုန်းတွေ ဖြစ်တဲ့ (Foo Bar) ကနေ လာတယ်။ Foo Camp က ၂၀၀၃ ခုနှစ်လောက်က စခဲ့တယ်။
 
အဲ့လို အဖိတ်ခံရတဲ့ Geek တွေ Hacker တွေသာ တက်ခွင့်ရတဲ့ Foo Camp ရဲ့ ဆန့်ကျင်ဘက် Bar Camp ကို ၂၀၀၅ ခုနှစ် ကယ်လီဖိုးနီးယားမှာ စပြီး ကျင်းပတယ်။ တပတ်အတွင်း စီစဥ်တာဆိုပေမယ့် တက်ရောက်သူ ၂၀၀ လောက်ရှိခဲ့တယ်။ 
 
ကမ္ဘာပေါ်မှာ လူအများဆုံးတက်ရောက်တဲ့ ဘားကမ့်ကိုတော့ ရန်ကုန် ဘားကမ့်ဆိုပြီး လူပေါင်း ၆ ထောင်ကျော် တက်တယ်ဆိုပြီး Wikipedia မှာ မှတ်တမ်းတင်ထားကြတယ်။
 
Bar Camp က နည်းပညာ သမားတွေက စခဲ့တာဆိုပေမယ့် အခုနောက်ပိုင်း နည်းပညာ မဟုတ်တဲ့ အခြားသော အသိပညာ အတတ်ပညာတွေကိုလဲ ဘားကမ့်ထဲမှာ ပါဝင်ဆွေးနွေးလာကြတယ်။
 
တချို့က Bar Camp လို့ မဟုတ်ပဲ EduCamp WPCamp WineCamp PhotoCamp စသဖြင့် သက်ဆိုင်ရာ နယ်ပယ်အလိုက်လဲ ကျင်းပတာတွေ ရှိတယ်။
 
Var Camp ဆိုတာကတော့ Virtual အနေနဲ့ ကျင်းပဖို့ ရည်ရွယ်ထားပြီး BarCamp အနှစ်အရသာ မပျောက်အောင် တတ်နိုင်သမျှ ကြိုးစားထားလို့ VarCamp ဆိုပြီး နာမည်ပေးထားတာပါ။
 
 
ဟုတ်ပါတယ်။ လက်ရှိ အခြေအနေအရ Virtual ကျင်းပဖို့က အသင့်တော်ဆုံး အဆင်အပြေဆုံးဖြစ်ပါတယ်။
 

ဘားကမ့်ပုံစံနဲ့က ၁ ရက်ပဲ ကျင်းပမှာပါ။ ဒါပေမယ့် VarCamp ပုံစံကို ကြိုတင်လေ့လာနိုင်ဖို့ ၁ ရက်ကြိုဖွင့်ပေးထားဖို့ ရှိပါတယ်။

အရင် ဘားကမ့် အစီအစဥ် အနှစ်သာရတွေ အတိုင်း ဖြစ်နိုင်ဖို့ ကြိုးစားထားပါတယ်။
 
တကယ်က မြန်မာပြည်က ဘားကမ့်တွေဟာ မူလ ဘားကမ့်နဲ့ နာမည်စာရင်းသွင်းတာ Vote ပေးတာ အခန်းပေးတာ လက်ဆောင်ပေးတာ ဆိုတဲ့အပိုင်းတွေမှာ နဂိုတည်းက ကွဲပြားနေခဲ့တာပါ။
 
ဒါပေမယ့် အရင်က ဘားကမ့် လာတဲ့သူတွေ အတိုင်း နည်းပညာ မျှဝေနိုင်ဖို့ ချိတ်ဆက်နိုင်ဖို့ အသစ်အဆန်းတွေ လေ့လာနိုင်ဖို့ ဆွေးနွေး နှီးနှောဖလှယ်နိုင်ဖို့ Virtual ဆိုပေမယ့် ဘားကမ့် ခံစားချက်ပြန်ရဖို့ ဘားကမ့် အကျိုးကျေးဇူးတွေ ရနိုင်ဖို့ ကြိုးစားထားပါတယ်။
 
ဘာအစီအစဥ်တွေ ပါမလဲဆိုတာ ဘားကမ့်ထုံးစံအတိုင်းပဲ တိတိ ကျကျ မပြောနိုင်သေးပါဘူး။ Trend ဖြစ်တဲ့ IoT AI Web3.0 (NFT/CRYPTO/BLOCKCHAIN)  တွေတော့ ပါမယ်လို့ မျှော်လင့်ပါတယ်။
 
နည်းပညာတွေကို မိတ်ဆက်ပုံနဲ့ မိတ်ဆက်တဲ့ နည်းပညာလဲ ကွာသွားပါလိမ့်မယ်။ သိသိသာသာကတော့ Virtual BarCamp တခုဖြစ်သွားတာပါပဲ။
 
လူငယ်လူကြီးမရွေး ဖုန်းတလုံး / လက်တော့ တလုံးနဲ့ အွန်လိုင်းကနေ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။  အားနည်းချက်က အင်တာနက်နဲ့ လျှပ်စစ်မီး ပျက်နေရင် အဆင်မပြေပါဘူး။ အားသာချက်ကတော့ အင်တာနက်ရှိရင် ဘယ်နေရာ ဘယ်ဒေသကမဆို လှမ်း ချိတ်ဆက်ပါဝင်နိုင်တာပါပဲ။ 
 
အရင်ကလို ရန်ကုန်က ဘားကမ့်မို့ မန္တလေး တောင်ကြီး ကလော ပြင်ဦးလွင် လားရှိုး စတဲ့နေရတွေက ဆင်းလာရတယ်တို့ တခြားမြို့က ဘားကမ့်မို့လို့ ကားနဲ့ ကြိုပြီး တရက် ၂ ရက် သွားရတယ်တို့ မရှိပါဘူး အချိန်ကုန် ငွေကုန် လူပင်ပန်းတာ သက်သာသွားပါလိမ့်မယ်။

HURRY UP! Book your Seat

SUBSCRIBE TO NEWSLETTER

Want Something Extra?