VarCamp ဆိုတာဘာလဲ

  • VarCamp ဆိုတာ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ဝင်ရောက် ဆွေးနွေးလို့ ရတဲ့ ဟောပြောပွဲ တစ်ခု ဖြစ်ပါတယ်။

VarCamp ကိုဘယ်လို Joinရမလဲ

  • မတ်လ ၁၉ ရက်နေ့မှာ လုပ်မယ့် VarCamp ပွဲကို တက်ဖို့ VarCamp ရဲ့ Official Website (https://var.camp) မှာ Register လုပ်ထားပါ။
  • VaCamp ပွဲအကြောင်း၊ သတင်းနဲ့ ပွဲအစီအစဉ် စတာတွေကို VarCamp’s Blog (https://var.camp/blog/) နဲ့ VarCamp’s Facebook Pages (https://fb.me/varcamp) မှာ ဖတ်ရှုနိုင်ပါတယ်။
  • ပွဲနေ့ (မတ်လ ၁၉) ရောက်တဲ့အခါ https://play.var.camp ဆိုတဲ့ ဝဘ်ဆိုက်လိပ်စာက တဆင့် ပွဲတက်ရောက်နိင်မှာ ဖြစ်ပါတယ်။

VarCamp တက်ရင် ဘာအကျိုးကျေးဇူးရလဲ

  • VarCamp မှာ နည်းပညာနယ်ပယ် အပါအဝင် နယ်ပယ်ပေါင်းစုံက အသိအမြင်၊ ဗဟုသုတတွေ၊ လေ့လာစရာတွေ၊ နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်မှုတွေ အကြောင်း သိမြင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

VarCamp ကိုတက်ဖို့ ဘာတွေလိုအပ်မလဲ

  • အင်တာနက် ချိတ်ထားတဲ့ ဖုန်း၊ တက်ဘလက် သို့ ကွန်ပြူတာ တစ်လုံး ရှိရုံနဲ့ ကမ္ဘာ့ဘယ်နေရာကမဆို VarCamp ပွဲကို တက်ရောက် ဆွေးနွေးနားဆင် နိုင်ပါတယ်။
  • မတ်လ ၁၉ ရက်နေ့မှာ လုပ်မယ့် VarCamp ပွဲကို တက်ဖို့ VarCamp ရဲ့ Official Website (https://var.camp) မှာ Register လုပ်ထားပါ။
  • VarCamp ပွဲ အကြောင်း ပိုမိုသိရှိနိုင်ဖို့ VarCamp ရဲ့ Website (https://var.camp) နဲ့ Facebook Pages (https://fb.me/varcamp) တွေမှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

VarCamp Join ရင် Certificate ထုတ်ပေးလား

  • VarCamp မှာ ပါဝင်ကူညီသူ (Voluntter/ Organizer) တွေ၊ ပံ့ပိုးကူညီသူ (Sponsor) တွေနဲ့ ဦးဆောင်ဆွေးနွေးသူ (Speaker) တွေအတွက် Certificate ထုတ်ပေးပါတယ်။
  • Register လုပ်ထားတဲ့ VarCamper တွေအတွက် ပွဲလက်မှတ်လှလှလေးတွေနဲ့ အမှတ်တရ ကံစမ်းမဲ အစီအစဉ်တွေ စီစဉ်ထားပါတယ်။

VarCamp ကဘယ်နေ့/ဘယ််အချိန်စမှာလဲ

  • ၂၀၂၃ ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် VarCamp ကို မတ်လ ၁၉ ရက် (တနင်္ဂနွေ) နေ့ မနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီ အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
  • မတ်လ ၁၈ ရက် (စနေ) နေ့ ည ၆ နာရီမှာ ပွဲကြို (Pre VarCamp) ရှိပါတယ်။

Work Adventure က ဘာလဲ

  • WorkAdventure ဆိုတာ ဗီဒီယိုဂိမ်းပုံစံ ဝင်ရောက် အသုံးပြုရတဲ့ သင်းဖွဲ့စုဝေးရာ Web Application တစ်ခု ဖြစ်ပါတယ်။
  • အခမ်းအနားတွေ၊ အစည်းအဝေးတွေ၊ အသင်းအဖွဲ့လိုက် ဆက်သွယ်ပြောဆို၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်တဲ့ အွန်လိုင်းပွဲခင်း သို့မဟုတ် အွန်လိုင်းရုံးခန်းအဖြစ် အသုံးပြုနိုင်ပါတယ်။

Jitsi ကနေဘဲ Join လို့မရဘူးလား

  • VarCamp အခန်းများကို play.var.camp ကနေပဲ ဝင်ရောက် ဆက်သွယ်နိင်မှာ ဖြစ်ပါတယ်။

VarCamp မှာပြောမယ့် topic list နဲ့အချိန် ဘယ်တော့သိရမလဲ ဘယ်မှာကြည့်မလဲ

  • VarCamp Topic Board ကို ပွဲမစခင် တစ်ပတ်ခန့်အလိုမှာ Website (https://var.camp) နဲ့ Facebook (https://fb.me/var.camp) ကတဆင့် ကြိုတင် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ်နားထောင်ချင်တဲ့ ခေါင်းစဉ် ၂ခုက အချိန်တိုက်နေရင် ဘယ်လိုလုပ်ရမလဲ

  • VarCamper တွေအနေနဲ့ မိမိတို့ စိတ်ဝင်စားရာ ဆွေးနွေးခန်းတွေကို စိတ်ကြိုက် ဝင်ထွက် နားဆင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
  • ဟောပြောဆွေးနွေးကြတဲ့ Topic တွေကို Speaker တွေရဲ့ ခွင့်ပြုချက်အရ Record ရယူပြီး VarCamp ဝဘ်ဆိုက်နဲ့ YouTube Channel မှာ ပြန်လည်တင်ဆက်သွားဖို့ အစီအစဉ် ရှိပါတယ်။

Youtube ကနေ တင်ပေးမှာလား

  • ဟောပြောဆွေးနွေးကြတဲ့ Topic တွေကို Speaker တွေရဲ့ ခွင့်ပြုချက်အရ Record ရယူပြီး VarCamp ဝဘ်ဆိုက်နဲ့ YouTube Channel မှာ ပြန်လည်တင်ဆက်သွားဖို့ အစီအစဉ် ရှိပါတယ်။

VarCamp မှာ ဝင်ပြောချင်လို့ ဘယ်လိုလုပ်ရမလဲ

  • VarCamp ဝဘ်ဆိုက် (https://var.camp/speaker-registration/)မှာ ဦးဆောင်ဆွေးနွေးသူ အဖြစ် စာရင်းသွင်းလို့ ရပါတယ်။
  • Speaker များ သိရှိရမယ့် အချက်အလက်တွေကို Website နဲ့ Facebook Page တွေမှာ ဖော်ပြပေးထာပါတယ်။

VarCamp က Free Event လား

  • VarCamp ကို မည်သူမဆို အခမဲ့ တက်ရောက် ဆွေးနွေးနိုင်ပါတယ်။

VarCamp ကတစ်နှစ်မှာ ဘယ်နကြိမ်ရှိတာလဲ

  • ပုံမှန်အားဖြင့် VarCamp ကို တစ်နှစ်မှာ တစ်ကြိမ်ပဲ ကျင်းပပြုလုပ်ပါတယ်။

Is VarCamp only for tech-related people?

  • VarCamp မှာ နည်းပညာနယ်ပယ် အပါအဝင် နယ်ပယ်ပေါင်းစုံက အသိအမြင်၊ ဗဟုသုတတွေ၊ လေ့လာစရာတွေ၊ နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်မှုတွေ အကြောင်း သိမြင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
  • နယ်ပယ်ပေါင်းစုံက အသိပညာ ဗဟုသုတ ဝေမျှလိုသူ၊ နားဆင်ဆွေးနွေးလိုသူတွေ အကုန်လုံးကို VarCamp ပွဲက ကြိုဆိုပါတယ်။

VarCamp မှာ ဘယ်အကြောင်းအရာတွေ နားထောင်လို့ရလဲ

  • – VarCamp မှာ နည်းပညာ၊ ပညာရေး၊ စီမံခန့်ခွဲမှုနဲ့ သက်မွေးဝမ်းကျောင်း ဆိုင်ရာတွေ အပါအဝင် နယ်ပယ်စုံ ကဏ္ဍစုံက အကြောင်းအရာမျိုးစုံကို ဆွေးနွေးကြလေ့ ရှိပါတယ်။
  • သက်ဆိုင်ရာ နယ်ပယ်အလိုက် လေ့လာမှတ်သားစရာ၊ သင်ယူစရာ အသိပညာ ဗဟုသုတတွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေ ဝေမျှလေ့ ရှိကြပါတယ်။

VarCampမှာအခန်းတိုင်းဝင်နားထောင်လို့ရတာလား

  • – VarCamper တွေအနေနဲ့ မိမိတို့ စိတ်ဝင်စားရာ ဆွေးနွေးခန်းတွေကို စိတ်ကြိုက် ဝင်ထွက် နားဆင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်