VarCamp ဆိုတာဘာလဲ
- VarCamp ဆိုတာ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ဝင်ရောက် ဆွေးနွေးလို့ ရတဲ့ ဟောပြောပွဲ တစ်ခု ဖြစ်ပါတယ်။
VarCamp ကိုဘယ်လို Joinရမလဲ
- မတ်လ ၁၉ ရက်နေ့မှာ လုပ်မယ့် VarCamp ပွဲကို တက်ဖို့ VarCamp ရဲ့ Official Website (https://var.camp) မှာ Register လုပ်ထားပါ။
- VaCamp ပွဲအကြောင်း၊ သတင်းနဲ့ ပွဲအစီအစဉ် စတာတွေကို VarCamp’s Blog (https://var.camp/blog/) နဲ့ VarCamp’s Facebook Pages (https://fb.me/varcamp) မှာ ဖတ်ရှုနိုင်ပါတယ်။
- ပွဲနေ့ (မတ်လ ၁၉) ရောက်တဲ့အခါ https://play.var.camp ဆိုတဲ့ ဝဘ်ဆိုက်လိပ်စာက တဆင့် ပွဲတက်ရောက်နိင်မှာ ဖြစ်ပါတယ်။
VarCamp တက်ရင် ဘာအကျိုးကျေးဇူးရလဲ
- VarCamp မှာ နည်းပညာနယ်ပယ် အပါအဝင် နယ်ပယ်ပေါင်းစုံက အသိအမြင်၊ ဗဟုသုတတွေ၊ လေ့လာစရာတွေ၊ နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်မှုတွေ အကြောင်း သိမြင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
VarCamp ကိုတက်ဖို့ ဘာတွေလိုအပ်မလဲ
- အင်တာနက် ချိတ်ထားတဲ့ ဖုန်း၊ တက်ဘလက် သို့ ကွန်ပြူတာ တစ်လုံး ရှိရုံနဲ့ ကမ္ဘာ့ဘယ်နေရာကမဆို VarCamp ပွဲကို တက်ရောက် ဆွေးနွေးနားဆင် နိုင်ပါတယ်။
- မတ်လ ၁၉ ရက်နေ့မှာ လုပ်မယ့် VarCamp ပွဲကို တက်ဖို့ VarCamp ရဲ့ Official Website (https://var.camp) မှာ Register လုပ်ထားပါ။
- VarCamp ပွဲ အကြောင်း ပိုမိုသိရှိနိုင်ဖို့ VarCamp ရဲ့ Website (https://var.camp) နဲ့ Facebook Pages (https://fb.me/varcamp) တွေမှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
VarCamp Join ရင် Certificate ထုတ်ပေးလား
- VarCamp မှာ ပါဝင်ကူညီသူ (Voluntter/ Organizer) တွေ၊ ပံ့ပိုးကူညီသူ (Sponsor) တွေနဲ့ ဦးဆောင်ဆွေးနွေးသူ (Speaker) တွေအတွက် Certificate ထုတ်ပေးပါတယ်။
- Register လုပ်ထားတဲ့ VarCamper တွေအတွက် ပွဲလက်မှတ်လှလှလေးတွေနဲ့ အမှတ်တရ ကံစမ်းမဲ အစီအစဉ်တွေ စီစဉ်ထားပါတယ်။
VarCamp ကဘယ်နေ့/ဘယ််အချိန်စမှာလဲ
- ၂၀၂၃ ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် VarCamp ကို မတ်လ ၁၉ ရက် (တနင်္ဂနွေ) နေ့ မနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီ အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
- မတ်လ ၁၈ ရက် (စနေ) နေ့ ည ၆ နာရီမှာ ပွဲကြို (Pre VarCamp) ရှိပါတယ်။
Work Adventure က ဘာလဲ
- WorkAdventure ဆိုတာ ဗီဒီယိုဂိမ်းပုံစံ ဝင်ရောက် အသုံးပြုရတဲ့ သင်းဖွဲ့စုဝေးရာ Web Application တစ်ခု ဖြစ်ပါတယ်။
- အခမ်းအနားတွေ၊ အစည်းအဝေးတွေ၊ အသင်းအဖွဲ့လိုက် ဆက်သွယ်ပြောဆို၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်တဲ့ အွန်လိုင်းပွဲခင်း သို့မဟုတ် အွန်လိုင်းရုံးခန်းအဖြစ် အသုံးပြုနိုင်ပါတယ်။
Jitsi ကနေဘဲ Join လို့မရဘူးလား
- VarCamp အခန်းများကို play.var.camp ကနေပဲ ဝင်ရောက် ဆက်သွယ်နိင်မှာ ဖြစ်ပါတယ်။
VarCamp မှာပြောမယ့် topic list နဲ့အချိန် ဘယ်တော့သိရမလဲ ဘယ်မှာကြည့်မလဲ
ကိုယ်နားထောင်ချင်တဲ့ ခေါင်းစဉ် ၂ခုက အချိန်တိုက်နေရင် ဘယ်လိုလုပ်ရမလဲ
- VarCamper တွေအနေနဲ့ မိမိတို့ စိတ်ဝင်စားရာ ဆွေးနွေးခန်းတွေကို စိတ်ကြိုက် ဝင်ထွက် နားဆင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
- ဟောပြောဆွေးနွေးကြတဲ့ Topic တွေကို Speaker တွေရဲ့ ခွင့်ပြုချက်အရ Record ရယူပြီး VarCamp ဝဘ်ဆိုက်နဲ့ YouTube Channel မှာ ပြန်လည်တင်ဆက်သွားဖို့ အစီအစဉ် ရှိပါတယ်။
Youtube ကနေ တင်ပေးမှာလား
- ဟောပြောဆွေးနွေးကြတဲ့ Topic တွေကို Speaker တွေရဲ့ ခွင့်ပြုချက်အရ Record ရယူပြီး VarCamp ဝဘ်ဆိုက်နဲ့ YouTube Channel မှာ ပြန်လည်တင်ဆက်သွားဖို့ အစီအစဉ် ရှိပါတယ်။
VarCamp မှာ ဝင်ပြောချင်လို့ ဘယ်လိုလုပ်ရမလဲ
- VarCamp ဝဘ်ဆိုက် (https://var.camp/speaker-registration/)မှာ ဦးဆောင်ဆွေးနွေးသူ အဖြစ် စာရင်းသွင်းလို့ ရပါတယ်။
- Speaker များ သိရှိရမယ့် အချက်အလက်တွေကို Website နဲ့ Facebook Page တွေမှာ ဖော်ပြပေးထာပါတယ်။
VarCamp က Free Event လား
- VarCamp ကို မည်သူမဆို အခမဲ့ တက်ရောက် ဆွေးနွေးနိုင်ပါတယ်။
VarCamp ကတစ်နှစ်မှာ ဘယ်နကြိမ်ရှိတာလဲ
- ပုံမှန်အားဖြင့် VarCamp ကို တစ်နှစ်မှာ တစ်ကြိမ်ပဲ ကျင်းပပြုလုပ်ပါတယ်။
Is VarCamp only for tech-related people?
- VarCamp မှာ နည်းပညာနယ်ပယ် အပါအဝင် နယ်ပယ်ပေါင်းစုံက အသိအမြင်၊ ဗဟုသုတတွေ၊ လေ့လာစရာတွေ၊ နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်မှုတွေ အကြောင်း သိမြင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
- နယ်ပယ်ပေါင်းစုံက အသိပညာ ဗဟုသုတ ဝေမျှလိုသူ၊ နားဆင်ဆွေးနွေးလိုသူတွေ အကုန်လုံးကို VarCamp ပွဲက ကြိုဆိုပါတယ်။
VarCamp မှာ ဘယ်အကြောင်းအရာတွေ နားထောင်လို့ရလဲ
- – VarCamp မှာ နည်းပညာ၊ ပညာရေး၊ စီမံခန့်ခွဲမှုနဲ့ သက်မွေးဝမ်းကျောင်း ဆိုင်ရာတွေ အပါအဝင် နယ်ပယ်စုံ ကဏ္ဍစုံက အကြောင်းအရာမျိုးစုံကို ဆွေးနွေးကြလေ့ ရှိပါတယ်။
- သက်ဆိုင်ရာ နယ်ပယ်အလိုက် လေ့လာမှတ်သားစရာ၊ သင်ယူစရာ အသိပညာ ဗဟုသုတတွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေ ဝေမျှလေ့ ရှိကြပါတယ်။
VarCampမှာအခန်းတိုင်းဝင်နားထောင်လို့ရတာလား
- – VarCamper တွေအနေနဲ့ မိမိတို့ စိတ်ဝင်စားရာ ဆွေးနွေးခန်းတွေကို စိတ်ကြိုက် ဝင်ထွက် နားဆင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်